Joomla TemplatesWeb HostingFree Joomla Templates
Noticeable News

အာမခံထားသူအမျိုးသမီး အလုပ်သမားကိုယ်ဝန်ရှိလျှင်

- ဆရာဝန်စောင့်ရှောက်မှုရသည်။
- လိုအပ်သည့် ဆေးဝါးကုသမှု အခမဲ့ရသည်။
- လိုအပ်ပါက ဆေးရုံတင် မီးဖွားပေးသည်။
- အလုပ်မဆင်းနိုင်လျှင် မီးမဖွားမီ ရက်သတ္တပတ်(၆)ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်(၆)ပတ် အထိ လစာ၏သုံးပုံနှစ်ပုံ
ထောက်ပံ့ငွေရသည်။
- လူမှုဖူလုံရေးအဖွဲ့ပိုင်
ရန်ကုန် အလုပ်သမားဆေးရုံကြီးနှင့်
မန္တလေးအလုပ်သမားဆေးရုံကြီး တို့တွင် တက်ရောက်မွေးဖွားသော အာမခံအမျိုးသမီး၊ အာမခံအလုပ်သမား၏ အရှင်မွေးဖွား သော ကလေးအတွက် အနှီးပိတ် ထောက်ပံ့သည်။
အာမခံအမျိုးသမီးအလုပ်သမား၏
မွေးကင်းစကလေးကို
မွေးပြီး(၆)လအထိ
လိုအပ်သည့် ကြည့်ရှုစောင့်ရှောက်မှုပေးသည်။


လူမှုဖူလုံရေးလုပ်ငန်းရပ်တွင်-

- အခမဲ့ဆေးဝါးကုသပေးခြင်း နှင့်
- ငွေကြေးခံစားခွင့်ပြုခြင်း တို့ပါဝင်ပါသည်။
"လူမှုဖူလုံရေးထည့်ဝင်ကြေးသည် အခွန်မဟုတ်ပါ"
အခြေခံလူတန်းစား အလုပ်သမားများအတွက်
အခက်အခဲ အကျပ်အတည်းများ မဖြစ်ပေါ်စေရန် စုပေါင်းထည့်ဝင် ထားသော ထည့်ဝင်ကြေး သာလျှင် ဖြစ်ပါသည်။


အာမခံထားသူအလုပ်သမား အလုပ်တွင်ထိခိုက်ဒဏ်ရာရလျှင်

- ဆေးဝါးကုသမှုရသည်။
- အလုပ်မဆင်းနိုင်သည့် အချိန်အတွင်း လစာ၏ သုံးပုံနှစ်ပုံကို တစ်နှစ်တိတိ ငွေလက်ငင်းအကျိုး ခံစားခွင့်ရသည်။

- အမြဲတမ်းလုပ်အား ဆုံးရှုံးမှုရှိပါက အမြဲတမ်းမသန်မစွမ်းမှုပင်စင် (သို့မဟုတ်) ငွေလုံးငွေရင်း ရသည်။


အာမခံထားသူအလုပ်သမားများ မမာမကျန်းဖြစ်လျှင်

- ဆေးခန်းတွင် စမ်းသပ်ခြင်း၊ ဆေးကုသခြင်း လုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးသည်။
-ဆေးရုံတင်လူနာများအတွက်အခမဲ့
ဆေးဝါး ကုသခြင်းအပြင် လိုအပ်သော
အာဟာရများကိုလည်း
အခမဲ့တိုက်ကျွေးပါသည်။

- အလုပ်မဆင်းနိုင်သည့် အချိန်အတွင်း လစာ၏ နှစ်ပုံတစ်ပုံကို ၂၆ ပတ်တိတိ ငွေလက်ငင်း အကျိုးခံစားခွင့်ရသည်။


လူမှုဖူလုံရေးအဖွဲ့သည်-

အများပြည်သူ၏ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍကို
တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသော ဌာနတစ်ခု။


Publications
Labour Digest Megazine
Share On